Mandalay Prime Minister Dr. Zaw Myint Maung during Agritech Israel event on May 8, 2018

“Israel has no water. But guess how successful is the agricultural Utilization Management. I can see the main handle. How much water already circulated in plants. The management can provide the required amount of water for the plants based on the utilized agricultural. So the productiveness if successful, even without doubt” , said Prime Minister of  Mandalay, Dr. Zaw Myint Maung in Israel during Agritech 2018 in Tel aviv.

In addition, the ability to re-purify wastewater and to be used as irrigation water in Israel is one of the most successful items. “
“If these technologies be used, farmers are able to raise the quality of agricultural expertise. If we do this, we will have even faster recovery in agriculture.  “
Dr. Zaw Myint Maung, said. The further development of agriculture investment needs external source . “I invite local entrepreneurs an incentive to ensure that there is more interest be carried out”, he observed.

***

Desert agriculture successful in Israel - Agritech 2018

Located in the Middle East, more than half of Israel’s water because of the drought hampered by a very dry place. Is a very important resource for the nation and the state level, there are at the management level. Water re-refined plans to utilize agricultural industry is a solution to water shortages in the actual game.
Also, received the chance to wander about the need to make pipe and the ability to divide the pumping machine is really Modern Technology Innovation System. Israeli agricultural techniques, Been developed 1930 since the world’s agricultural industry as a valuable innovation.

***

ကန္တာရထဲက စိုက်ပျိုးရေး အောင်မြင်တဲ့ နိုင်ငံ (သို့မဟုတ်) အစ္စရေး

ကန္တာရထဲက စိုက်ပျိုးရေး အောင်မြင်တဲ့ နိုင်ငံ (သို့မဟုတ်) အစ္စရေး

မြန်မာနိုင်ငံကနေ အနောက်ဘက် မိုင်ပေါင်း ၄၀၀၀ နီးပါးမှာရှိတဲ့ နိုင်ငံငယ် လေးတစ်ခုကို စတင်ခြေချစဉ်မှာပဲ ကျွန်တော် တည်းခို
ရမယ့် ဟိုတယ်ဘက်ကို ခြေဦးမလှည့်ရသေးခင် စိုက်ခင်းတွေဆီ ချက်ချင်းသွားကြည့်ကြဖို့ အစီအစဉ်တစ်ခုက စောင့်ကြိုနေပါတယ်။
ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ဧရိယာရဲ့ နှစ်ဆသာသာပဲရှိပြီး နိုင်ငံမှာ ဧရိယာ တစ်ဝက်ကျော်က မိုးခေါင်ရေရှားဒေသတွေ
ဖြစ်ပေမယ့် အောင်မြင့်တဲ့ စိုက်ပျိုးရေး နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာဝင့်ထည်နိုင်တဲ့ အခြေအနေဟာ ဘာကြောင့်ဖြစ်မလဲဆိုတာ
မျက်မြင်ထင်ရှား တွေ့ခွင့်ရမယ့် အခြေအနေပါ။ တယ်လ်အဗီးမြို့နားက Green Farm ကို ပထမဆုံး ရောက်ရှိချိန်မှာဘဲ ကျွန်တော်
စိုက်ပျိုးရေး သတင်းတွေ ရေးသားခဲ့စဉ် အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ မှတ်သားရတဲ့ အောင်မြင်တဲ့ စိုက်ပျိုးမွေးမြူရေး ဒွန်တွဲ လုပ်ငန်း
ဆိုတာကို မျက်မြင်တွေ့ရတဲ့ အခြေအနေ တစ်ခုပါပဲ။ ဈေးကွက်ဝင် သီးနှံမျိုးစုံကို စိုက်ပျိုးထားပြီး ငါး၊ ကြက်၊ ဆိတ် မွေးမြူရေးလုပ်ငန်း
တွေ တွဲဖက်လုပ်ကိုင်ပြီး Green Farm က ထွက်ရှိတဲ့ ထုတ်ကုန်တွေကို ရောင်းချပေးတဲ့စင်တာလေးပါ ဖွင့်လှစ်ထားတာဟာ ကိုယ့်
နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် မြင်ချင်လှတဲ့ စိုက်ပျိုးရေးတွဲဖက် စီးပွားရေးလုပ်ဆောင်မှု မြင်ကွင်းပါဘဲ။ စိုက်ပျိုးတဲ့ အပင်အမျိုးအစားရဲ့
လိုအပ်ချက်အရ Green House တွေကို အပူချိန် ချိန်ညှိပေးထားတာ တွေ့ရသလို စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းများရဲ့ကွင်းဆက်
ဖြစ်တဲ့ ငါးကန်က စွန့်ပစ်တဲ့ ရေ၊ ကြက်ခြံက စွန့်ပစ်တဲ့ အညစ်အကြေးတွေဟာ စိုက်ပျိုးရေးအတွက် မြေသြဇာကောင်း ဖြစ်သလို
စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းတွေဟာလည်း မွေးမြူရေး လုပ်ငန်းစဉ်အတွက် အထောက်အပံ့ ကောင်းတွေပါ။

အရှေ့အလယ်ပိုင်းမှာ တည်ရှိတဲ့ အစ္စရေးနိုင်ငံရဲ့ တစ်ဝက်ကျော်ဟာ မိုးခေါင်ရေရှား အလွန်ခြောက်သွေ့တဲ့ အရပ်ဖြစ်တာကြောင့် ရေ
ဟာ နိုင်ငံတော်အတွက် အလွန်အရေးပါတဲ့ သယံဇာတဖြစ်ပြီး နိုင်ငံတော်အဆင့် အနေနဲ့ စီမံခန့်ခွဲတဲ့အဆင့်မှာ ရှိပါတယ်။ သုံးစွဲပြီး
ရေတွေကို ပြန်လည် သန့်စင်ပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ အသုံးချနိုင်အောင် စီစဉ်နိုင်တာဟာ ရေရှားပါးမှုအတွက် တကယ့်အဖြေပါဘဲ။
ဒါ့ပြင်ရလာတဲ့ ရေကို လေလွင့်မှုမဖြစ်စေရအောင် ရေပိုက်များနဲ့ လိုအပ်သ လောက်ကိုသာ အစက်ချပေးဝေနိုင်မှုဟာလည်း တကယ့်
ခေတ်သစ်နည်းပညာ ဆန်းသစ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အစ္စရေးဟာ အစက်ချ ရေပေးစိုက်ပျိုးနည်းစနစ်ကို ၁၉၃၀ ပြည့်နှစ်လောက်
ကတည်းက စတင်တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ စိုက်ပျိုးရေး လောကမှာ တန်ဖိုးကြီးတဲ့ ဆန်းသစ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ မြို့တွင်း လမ်း
ဘေးက သစ်ပင်များကိုတောင် ရေပိုက်စနစ်နဲ့ အစက်ချ စိုက်ပျိုးတာ၊ ဟိုတယ်၊ မိုတယ်တွေမှာလည်း စိုက်သမျှ အလှအပင်များကိုပင်
ရေအစက်ချစိုက်ပျိုးတာတွေ ကြည့်ယုံနဲ့ တကယ့်စိုက်ပျိုးရေးခြံတွေဟာ ရေကို ဘယ်လိုချွေတာ၊ ဘယ်လောက်များ စနစ်တကျ
အသုံးချကြမလဲ ဆိုတာ တွေးယုံနှင့်ပင် ယုံကြည်နိုင်ပါတယ်။ အစ္စရေးဟာ အရှေ့အလယ်ပိုင်း မှာ တစ်ခုတည်းသော လွတ်လပ်တဲ့ ဒီမို
ကရေစီနိုင်ငံဖြစ်ပြီး နေထိုင်တဲ့ လူဦးရေအချိုးအရ ကမ္ဘာ့စွန့်ဦးတီထွင်လုပ်ငန်းအများဆုံးရှိတဲ့နိုင်ငံတစ်ခုအဖြစ်လည်း ထင်ရှားပါတယ်။
အစ္စရေးနိုင်ငံမှာ သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ စိုက်ပျိုးရေး နည်းပညာပြပွဲကို တက်ရောက်ဖို့က ကျွန်တော့ အတွက် အဓိကအကြောင်း
ရင်းပါ။ မေ ၈ ရက်ကနေ ၁၀ ရက်အထိ ကျင်းပခဲ့တဲ့ ဒီပြပွဲမှာ ကျွန်တော်တို့ တွေ့ရတာက ထုတ်ကုန်သီးနှံတွေ များစွာအောင်မြင်ဖြစ်
ထွန်းမှု အခြေအနေတွေကို ခင်းကျင်းပြသမှုထက် ဒီလိုဖြစ်ထွန်းမှု အတွက် လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အခြေအနေတွေကို
တင်ပြနိုင်အောင် ဦးစားပေးဆောင်ရွက်ထားတာ တွေ့ရပါတယ်။

Sources: https://www.thefarmermedia.com/node/10761

https://www.thefarmermedia.com/news/10760

READ ABOUT THE LATEST INNOVATIONS AND TECHNOLOGIES